စားအုန်းဆီလုပ်ငန်းရှင်များအား ညွန်ကြားချက်များနှင့်အညီ ရောင်းချစေရန် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ် မေလ (၇) ရက်နေ့ မြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

     အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပစ္စည်းပြတ်လပ်မှု မရှိစေရန်၊ လက်ကျန်စာရင်းများ မေးမြန်းခြင်း၊ ဈေးနှုန်းပါဝင်သည့် ဆို်ငးဘုတ်များ တပ်ဆင်ထားရမည် ဖြစ်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးအတွက် သက်မှတ် အရည်အသွေးနှင့်ပြည့်မှီသော ကုန်စည်ကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)