ရွှေတောင်မြို့နယ်တွင်သောက်ရေသန့်ဘူးများရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခြင်း

Powered by Drupal

     ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်မြို့နယ်‌ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ၂၀၂၅ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင် ရွှေတောင်မြို့၊ တည်ကုန်းတောင်ပိုင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ရေသန့်ဘူးများအားသွားရောက်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိမရှိ၊ ‌ရောင်းချသောသောက်ရေသန့်ဘူးများအား ထားသိုပုံ မှန်ကန်မှုရှိစေရေး အတွက်စစ်ဆေးခြင်း၊ စားသုံးသူများ၏အခွင့်အရေးအကြောင်း၊ လုပ်ငန်းရှင်များ၏ တာဝန်များ အကြောင်းရှင်းလင်းပြောကြားပြီး စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားလို့ရကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)