
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ခပေါင်းဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်ပိုင်ရှင်များအား တွေ့ဆုံ၍ ကုန်စည်များ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။
မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်တားမြစ်ထားပါကြောင်း၊ ကုန်အညွှန်း အမှတ်အသားများ ဖော်ပြခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့ကို လုပ်ငန်းရှင်များသို့ဖြန့်ဝေထားပြီး ဖြစ်ပါသဖြင့် ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက ခန့်အပ်တာဝန်ပေးထားသည့် စစ်ဆေးရေးအရာရှိများက ဈေးကွက်အတွင်းသို့ လစဉ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ပါကြောင်း၊ မိမိတို့မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေကို လေးစားလိုက်နာခြင်းအားဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းကို ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြ စေလိုပါကြောင်း ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် တက်ရောက်လာသည့် ကုန်စုံဆိုင်ပိုင်ရှင်များ၊ ဆိုင်ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးချက်များကို မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ ဆိုင်ပိုင်ရှင်၊ ဆိုင်ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)