
မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ဘိလပ်မြေစျေးမြှင့်ပြီးရောင်းချသည့် အရောင်းဆိုင်များရှိပါက ထိရောက်စွာ အရေးယူရန်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ (၆-၅-၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီက အပါတ်စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘိလပ်မြေဝယ်လိုအားမြင့်တက်နေချိန်တွင် စျေးကွက်အတွင်း၌ စျေးနှုန်းမြှင့်တင်ပြီးရောင်းချ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲံ၊ ဆောက်လုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက် စျေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရန်၊ တရားဝင်ဖြန့်ဖြူးရောင်းချထားသော အိမ်ဆောက်ပစ္စည်းများ ဟုတ်/မဟုတ်၊ သိုလှောင်ထားရှိမှု ရှိ/မရှိ၊ ကုန်ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြနိုင်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မအူပင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် စစ်ဆေးရေးအဖွဲ့တို့က ဘိလပ်မြေ အရောင်းဆိုင် (၈)ဆိုင်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)