ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့ပေါ်ရှိ စက်သုံးဆီများရောင်းချနေသော ဆီဆိုင်(၇)ဆိုင်အား  ၅-၄-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီက ဓနုဖြူမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထို့သို့ စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  သက်ဆိုင်ရာတာဝန်ရှိသူများက ဓနုဖြူမြို့ မြို့ပြင်တွင်ရောင်းချနေသာ ရှိ စက်သုံးဆီဆိုင်များတို့တွင် စက်သုံးဆီရောင်းဝယ်မှုနှင့် ပတ်သတ်၍ မေးမြန်းခြင်း၊ စက်သုံးဆီ အရည်အသွေးပြည့်မီမှုရှိ မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် အချိန်တွယ်ပြည့်မပြည့် စစ်ဆေးခြင်း၊ ဆီနမူနာများ ရယူစစ်ဆေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ မီးသတ်ဆေးဘူး ထားရှိမှုရှိ မရှိ၊ စက်သုံးဆီများအား ရောင်းဝယ်ရာတွင် စနစ်တကျ ဆီသိုလှောင်ကန်ထားမှုရှိ မရှိတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)