စားသောက်ကုန်လုပ်ငန်းများ၏ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

    မအူပင်ခရိုင် ၊ မအူပင်မြို့နယ်တွင် စားသောက်ကုန်ရောင်းချသော လုပ်ငန်းများ၏  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်စွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ မအူပင်မြို့နယ်အတွင်း စားသောက်ဆိုင်လုပ်ငန်း(၁၂)ဆိုင်သို့ (၅-၄-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ 

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသောက်ဆိုင် လုပ်ငန်းနှင့် စပ်လျဉ်း၍ ဝန်ဆောင်မှုလုပ်ငန်းများကို စစ်ဆေးခဲ့သောဆိုင်များမှာ ရွှေကောင်းကြွယ်၊ အကောင်းစား၊ Top၊ BKK 1-2-3၊ ရွက်မွန်၊ ရွှေကံကော်၊ အမေ့အိမ်၊ ခေတ်မှီ၊ ချမ်းမြေ့ စာသောစားသောက်ဆိုင်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး   ပိုင်ရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၃) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အချက်အလက်များအကြောင်းကို ရှင်းလင်း ဆွေးနွေးပြီး စားသောက်ဆိုင် ရောင်းချနေသာ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိကို စစ်ဆေးရေးအရာရှိက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ဆေးတွေ့ရှိချက် အချက်အလက်များကို အများပြည်သူများ သိရှိနိုင်ရန် အသိပေးကြေငြာခွင့်ရှိသဖြင့် ကောင်းမွန်သော ဝန်ဆောင်မှုကောင်းနှင့် သန့်ရှင်းသော စားသောက်ဖွယ်ရာများကို အများပြည်သူ စိတ်ကျေနပ်မှုရှိစွာ ရောင်းချနိုင်ရေး အထူးဂရုပြုရောင်းချရန်၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးစစ်ဆေးချက်များကို လစဉ် ဂရုပြုစစ်ဆေး ဆောင်ရွက်ပေးရန်တို့ကို အသိပေးပြောကြားခဲ့ပြီး ဝန်ဆောင်မှု မကောင်းမွန်ပဲ စားသုံးသူစိတ်ကြေနပ်မှု မရှိစေပဲ ရောင်းချခြင်းမျိုးတိုင်ကြားခံရသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်၊ သတ်မှတ်ချက်များအတိုင်း လိုက်နာမှု မရှိပါက ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ဆိုင်များအား စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)