
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
ထန်းလျက်သည် ထန်းပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကို အစား အသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင်ရောင်းချ နေသောထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီးထန်းလျက်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ရိုးရိုးထန်း လျက်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)