
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးသည် (၅.၅.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေပြတ်လပ်မှုနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေအမျိုးအစားများ အလိုက် လက်လီ/လက်ကားဈေးနှုန်းများ၊ ယခင်/ ယခုလကွာခြားချက်ဈေးနှုန်းများ အတက်အကျဖြစ်သည့် အကြောင်းအရင်းများ၊ မြေပြင်လက်ကျန် အခြေအနေများ၊ ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးကွက် အခြေအနေများအား မြေပြင်တွင်ကွင်းဆင်း စစ်ဆေးခဲ့ရာ ဘိလပ်မြေသယ်ယူရာတွင် အခက်အခဲများရှိပါသဖြင့် အရောင်းအဝယ်ရပ်ဆိုင်းနေရပါကြောင်း၊ လက်ကျန်မရှိပါကြောင်း တင်ပြအပ်ပါသည်။ ဘိလပ်မြေပြန်လည်ရရှိ၍ ဈေးကွက်အတွင်းပြန်လည်ရောင်းချရာတွင် ဈေးနူန်းကိုသင့်တင့်စွာရောင်းချရန်၊ ဈေးနူန်းအဆ မတန်ကြီးမြင့်စွာ ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)