မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ကြက်ဥအရောင်းဆိုင်များတွင် ဈေးနူန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့်ပူပေါင်း၍(၂.၅.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် ကြက်ဥရောင်းချသည့် အရောင်းဆိုင်များတွင် ဈေးနူန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ကြက်ဥအရောင်းဆိုင်များတွင် လက်လီ/ လက္ကားရောင်းချနေသော ကြက်ဥဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ၊ ထိုရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး ကြက်ဥဆိုင်ပိုင်ရှင်များအား ကြက်ဥ လက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြက်ဥဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)