ဆင်ဖြူတော်စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင်(ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၂-၄-၂၀၂၅) ရက်နေ့ ၊  (၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁၂၄)၊ သမိန်ဗရမ်းလမ်း၊ တာမွေကြီး (ခ) ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ဒေါ်အေးမြတ်မွန် (ဆင်ဖြူတော်) ဆီဆိုင်အား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ စစ်ဆေးခဲ့ရာတွင် ရပ်ကွက်နေ ပြည်သူများကို တစ်ပတ်လျှင် ၁ပိဿာနှုန်းဖြင့်လည်းကောင်း၊ စားသောက်ဆိုင်များကို ၁ပိဿာမှ ၅ပိဿာနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းနိုင်က မြို့နယ်အတွင်းရရှိသော စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)