
ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး၊အောင်ပန်းမြို့မှ ဝန်ထမ်းများသည်(၃.၄.၂၀၂၅)ရက်နေ့၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အောင်ပန်းမြို့ပေါ်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စစ်ဆေးရာတွင် အောင်ပန်းမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ရရှိသောခွဲတမ်းများအား စာအုပ်စနစ်ဖြင့်ရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စု တွင်(၁)ပိဿာနှုန်းဖြင့်ရောင်းချပေးပါကြောင်း၊သတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချပေးပြီး တစ်နေ့စာတစ်နေ့ကုန်အောင်ရောင်းပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ ရက်ကျော်လွန်လျှင်လည်းပြန်လည်ရောင်းချပေးပါကြောင်း သိရှိရပြီး မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်း ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)