
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ၊ နံနက် ၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှစစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ဦးစားပေးကုန်စည်များမှ စစ်ဆေးရန်လျာထားသည့် အသင့်စား မုန့်အမျိူးမျိုး၊ သောက်ရေသန့်အမျိုးမျိူး၊ အချိုရည်အမျိုးမျိုးတို့အား စျေးကွက်အတွင်း ရောင်းချ လျက်ရှိရာ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေတွဲလျက် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက် ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက် များမပါရှိသော တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)