ဟင်္သာတမြို့နယ်ဦးစီးမှူးမှ အိမ်သုံးဆေးဝါးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၁.၄.၂၀၂၅)ရက်နေ့ ၊ နံနက် (၀၉:၃၀)အချိန်တွင် ဟင်္သာတမြို့ပေါ်ရှိဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများပြတ်လတ်မှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဟင်္သာတမြို့ပေါ် တွင်ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးအရောင်းဆိုင်များတွင် ဆေးဆိုင် တာဝန်ရှိသူများအား အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်သိမ်းဆည်းထားခြင်း မပြုရန်၊ FDA ထောက်ခံချက်မရှိသော ဆေးဝါးများရောင်းချမှုမပြုရန်၊ သက်တမ်းလွန်သောဆေးဝါးများရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်မှ မြို့နယ်ဦးစီးမှူးအား “ရာသီချိန်သောက်သောဆေးဝါးများပြတ်လတ်မှုမရှိပဲ ပုံမှန်အတိုင်းရောင်းဝယ်မှုရှိပါကြောင်း၊ ဈေးနှုန်းများမှာလည်း ယခင်လထက်ယခုလတွင် ဈေးနှုန်းကျဆင်းလာကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိပါကြောင်း” ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)