
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၉.၃.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၃၀) အချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ပြည်တွင်းထုတ်အသင့်သောက်ကော်ဖီအမျိုးမျိုး ရောင်းချမှု အခြေအနေအား ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့်လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာ ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ပြည်တွင်းထုတ်အသင့်သောက်ကော်ဖီများကိုသာ ရောင်းချလျက်ရှိကြောင်း၊ကုန်ပစ္စည်းများကို ရန်ကုန် ကုမ္ပဏီမှ အရောင်းကားဖြင့် တိုက်ရိုက်ဝယ်ယူလျက်ရှိပြီး သက်ဆိုင်ရာဌာနထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)