ဟင်္သာတမြို့နယ် အလှကုန်နှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၈.၃.၂၀၂၅)ရက်နေ့၊ နေ့လည်  (၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်အမျိုးမျိုးနှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ၊ တရားမဝင်ကုန်စည်များရောင်းချမှုမရှိစေရေး ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားမှုရှိ/မရှိ၊ ကုန်စည်အမှတ်တံဆိပ်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ ဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာအစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များ၊ ‌ထောက်ခံချက်များ ဖော်ပြ ထားမှုရှိ/မရှိစသည်တို့ကိုစစ်ဆေးခဲ့ပြီး၊ တရားမဝင်အလှကုန်များ၊လူသုံးကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချ မှုမရှိပဲ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်   (၂/၂၀၁၉)အညီလိုက်နာဆောင်ရွက်မှုရှိကြောင်း၊ စတိုးဆိုင်နှင့်ကုန်မျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)