
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် စျေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးရာတွင် တစ်မျိုးအပါအဝင်ဖြစ်သည့် ဟင်းခတ်အမွေးအကြိုင်များအား စစ်ဆေးရန်အတွက် ထားဝယ်မြို့ပေါ်ရှိ ရွှေအိုးအမှတ်တံဆိပ် ဟင်းမွှေးမဆလာ လုပ်ငန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချဖြန့်ချိလျက်ရှိသော ရွှေအိုးအမှတ်တံဆိပ် မဆလာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စျေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူ တင်သွင်းရောင်းချနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
DOCA(တနင်္သာရီ)