ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဆီစက်ရုံများကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးမျိုးထွန်း(ဦးစီးအရာရှိ)နှင့် ဦးရှိုင်းထက်အောင်(ဒု-လ/ထကြီးကြပ်ရေးမှူး)တို့သည် မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်းနှင့်ပူးပေါင်းကာ ဆီစက်များ၏ အမှန်တကယ် စက်လည်ပတ်ကြိတ်ခွဲ ထုတ်လုပ်နေမှုများအား သိရှိစေရန် ရည်ရွယ်၍ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ  ဆီစက်ရုံ(၁၂)ရုံ၏ ဆီကြိတ်ခုံတပ်ဆင်ထားမှု၊ စွမ်းအင်အသုံးပြုမှု၊ ကုန်ကြမ်းဝယ်ယူရရှိမှု၊ စက် လည်ပတ်နေမှု၊ ကုန်ချောထွက်ရှိမှုအခြေအနေများအား မြေပြင်ကွင်ဆင်းစစ်ဆေးကြည့်ရှုပြီး အချက် အလက်များ ကောက်ယူခဲ့ပါတယ်။

          ကွင်းဆင်းစစ်ဆေး၍ စာရင်းကောက်ယူရာတွင် ကုန်ကြမ်းဝယ်ယူရရှိမှုအနေဖြင့် မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များအသင်း၊ မကွေး၊ မလှိုင်၊ နွားထိုးကြီး၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ တပ်ကုန်း၊ ရမည်းသင်း၊ ပြည်၊ အောင်လံ၊ သရက်၊ မိုင်းရှုး၊ မိုင်းရယ် ဒေသများမှ ဝယ်ယူရရှိကြောင်း၊ စက် လည်ပတ်မှုအနေဖြင့် (၉)စက်မှာ လက်ရှိလည်ပတ်လျှက်ရှိပြီး၊ (၁)စက်မှာ ရပ်နားထားသည်မှာ (၂)နှစ်ခန့်ရှိပြီး ၂၀၂၅ ခုနှစ် မေလ တွင် ပြန်လည်လည်ပတ်၍ စီစဉ်နေကြောင်း၊ (၁)စက်မှာ အပြီး ရပ်နားထားကြောင်း၊ စက်ရုံ(၁)ရုံမှာ နေရာပြောင်းရွှေ့သွား၍ လိပ်စာစုံစမ်းနေပြီး ဆက်လက်၍လည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်များ၏ အချက်အလက်များကို  ကွင်းဆင်းစစ်ဆေး စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(မန္တလေး)