
Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်း စစ်ဆေး၍ လျှောက်ထားသည့့််အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးထွန်း နှင့် ဒေါ်မြင့်မာလာဝင်း တို့သည် (၁၇-၃-၂၀၂၅)ရက်နေ့နှင့် (၁၈-၃-၂၀၂၅)ရက်နေ့တို့တွင် မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ ဖြစ်သည့် Yolo ၊ Vietline Coffee ၊ Han Ni Htun ၊ Bright kids Educational Toys and Books Mandalay ၊ Power Myanmar Mobile Second shop ၊ Hi Tech Mdy ၊ Hlaing Vinyl Printing ၊ Snow Queen shop ၊ Aung Tamu Gold and Jewellery ၊ ဆန်းသစ်နွေ ထုတ်ပိုးပစ္စည်း နှင့် Jewel Queen Buy Wuttyi စသည့် (၁၁) ဆိုင်တို့မှ လျှောက်ထားသည့် ကုန်စည်များဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ ၊ အထည်အလိပ်၊အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ကလေးအသုံး အဆောင်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ ပညာရေးနှင့်သင်ကြားရေး ဝန်ဆောင်မှု၊ စာပေနှင့်အနုပညာဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းများ၊အလှကုန်များနှင့့်် လူ သုံးကုန်များစသည့်လုပ်ငန်းများအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ(၁၉-၃-၂၀၂၅)ရက်နေ့ အထိ Online Sale မှတ်ပုံတင်လျှောက်ထားသည့် မြေပြင်စစ်ဆေးရမည့် လုပ်ငန်း (၁၃၂ )ခုရှိရာ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ ၊ ကလေးအသုံးအဆောင်ပစ္စည်းများ ၊ အထည်အလိပ် ၊ အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ၊ အလှကုန်များ ၊ လူသုံးကုန်များ ၊ လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ပညာရေးနှင့်သင်ကြားရေး ဝန်ဆောင်မှု၊ စာပေနှင့် အနုပညာဝန်ဆောင်မှုလုပ်ငန်း၊စားသောက်ကုန်ပစ္စည်းများ၊ FDAမှအတည်ပြုထားသည့် ဆေးဝါး ဖြည့် စွက်စာများ၊ ကုသရေးသုံးပစ္စည်းများ ရောင်းချသည့် လုပ်ငန်း (၁၂၃) ခုအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက်လျှက်ရှိကြောင်းနှင့် စစ်ဆေးရန်ကျန်ရှိနေသော Online Sale မှတ်ပုံတင်လျှောက်ထား သည့်လုပ်ငန်းများအား ဆက်လက်၍ မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)