မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပဲဆီ၊ နှမ်းဆီ၊ ဝါစေ့ဆီစက်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

                       မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၁၈-၃-၂၀၂၅) ရက်နေ့၊ နေ့လည် (၁)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ နှင့်မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပဲဆီ၊ နှမ်းဆီနှင့် ဝါစေ့ ဆီစက်များအား ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

              မန္တလေးမြို့တွင်းရှိ ဆီစက်များသည်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံ တင်ထားရှိပြီး ဆီစက်များအမှန်တကယ်လည်ပတ်ခြင်း ရှိ/မရှိ၊ လည်ပတ်သည့်ဆီစက်များ၏ ထုတ်လုပ်နိုင်မှုစက်စွမ်းအား၊ ကုန်ကြမ်းရရှိမှု အခြေအနေများနှင့် ထွက်ရှိသည့် ကုန်ချောများကို ဈေးကွက်ဖြန့်ဖြူးခြင်း အခြေအနေများကို သိရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)