
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ခရိုင်အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ပုဂ္ဂလိကဆေးရုံများသက်မှတ်ချက် နှင့်ကိုက်ညီမှုရှိ/မရှိမြေပြင် ကွင်းဆင်းစစ်ဆေးခြင်း ကိုမတ်လ(၁၇)ရက်နံနက်(၀၉[endif]-->၃၀)နာရီတွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါပုဂ္ဂလိကဆေးရုံများ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးရေးပူးပေါင်းအဖွဲ့ သည်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကအထူးကုဆေးရုံနှင့် ဆေးခန်းများသို့ကွင်းဆင်း၍ ပုဂ္ဂလိကအထူးကု ဆေးရုံ၊ဆေးခန်းများ၏သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူအားဝန် ဆောင်မှု ပေးရာတွင် ထင်ယောင်ထင်မှားမဖြစ်စေရေး၊ ဆေးဝါးများအား သတ်မှတ်အပူချိန်တွင်ထားရှိစေရေး၊ ထိန်းချုပ်ဆေးဝါးထားရှိသောပုဂ္ဂလိကအထူးကုဆေးရုံများတွင် သတ်မှတ်အအေးခန်းတွင် သီးခြား ထားရှိ၍ နေ့စဉ်မှတ်တမ်းထားရှိစေခြင်း၊ ပုဂ္ဂလိကအထူးကုဆေးရုံ၊ဆေးခန်းဖွင့်လှစ်ခွင့် လိုင်စင် မှတ်တမ်းများရှိ/ မရှိ စစ်ဆေးခြင်း၊ အခန်းအပူချိန်တိုင်း ကိရိယာများထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သုံးစွဲလျက်ရှိသော ဆေးဝါးများအား မှတ်တမ်းထားရှိ၍ သက်တမ်းကုန်ဆုံးမည့်ရက်စွဲများအား အမြဲတစေစစ်ဆေးသုံးစွဲစေခြင်း၊ မြန်မာနိုင်ငံဆေးဝါးထောက်ခံချက် အမှတ်ပါရှိသော ဆေးဝါးများ သာသုံးစွဲစေရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)ပုဒ်မ(ဇ)ပါ ထင်ယောင်ထင်မှား ဖြစ်စေ သည့်ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျည်းသည့် သဘာဝအရည်အသွေးကိုဖြစ်စေ၊ ထုတ်လုပ်မှု ဖြစ်စဉ်ကိုဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဝိသေသလက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကိုဖြစ်စေ၊ရည်ရွယ်ချက်ကိုဖြစ်စေ စားသုံးသူကိုလွဲမှားယူဆမှု ဖြစ်စေသော အပြုအမူ အပြောအဆိုများ မပြုလုပ်ရန်၊ ရရှိနိုင်သောဝန်ဆောင်မှုဆိုင်ရာများအား စားသုံးသူများကို တိကျ သေချာရှင်းလင်းစွာ ကြိုတင်အသိပေးဆောင်ရွက်ကြရန်၊ မိမိတို့ကြော်ငြာ ထားသည်နှင့် ကိုက်ညီ သောဝန်ဆောင်မှုများပေးဆောင်ရန် စသည်တို့ကို စစ်ဆေးဆွေးနွေးခဲ့ကြပြီး နေ့လည် (၁၂:၀၀) နာရီတွင် မြေပြင်ကွင်းဆင်း စစ်ဆေးမှု ပြီးစီးကြောင်းသိရသည်။
DOCA(မန္တလေး)