
စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒု- ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် ဒေါပုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ့ပူးပေါင်း၍ အမှတ်(၂၁၄) ၊ အောင်သီရိလမ်း ၊ မြို့သစ်ရပ်ကွက်၊ ဒေါပုံမြို့့နယ်ရှိ BT အမှတ် တံဆိပ် (ရေသန့်) လုပ်ငန်းသို့ (၃-၃-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:00) နာရီတွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးမော်က ယခုလုပ်ငန်းသည် စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၁)၊ ပုဒ်မ (၂၃)ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များ စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြော ကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)