စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးသည့်လုပ်ငန်းရှင်များတွေ့ဆုံခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးသည် ၂၅.၂.၂၀၂၅ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်၊ အမှတ်(၈၈)ဈေး၊ ဈေးတာဝန်ခံရုံးခန်း၌ မိမိမြို့နယ်အတွက် တာဝန်ယူရောင်းချမည့် ကုမ္ပဏီ(၄)ခုမှ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်း ဆီများကို ဖြန့်ဖြူးရောင်းချရာတွင် ခရိုင်အတွက် ကုမ္ပဏီအလိုက်၊ မြို့နယ်များ၏ လူဦးရေအမျိုးအစားအ လိုက် အချိုးကျမှန်မှန်ကန်ကန်ပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုကြရန်၊ သင့်တင့်မျှတသည့်ဈေး နှုန်းဖြင့်သာရောင်းချကြရန်၊ နေရာအနှံ့ရောက်ရှိအောင် ဖြန့်ဖြူးပေးရန်၊ ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်၍ သို လှောင်ခြင်းမပြုလုပ်ရန် ဆွေးနွေးခဲ့ပြီး စားအုန်းဆီဈေးနှုန်းများကို အဆမတန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)