ပန်း‌ဂေါ်ဖီစိမ်းနှင့်ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal

          ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ပြည့်နှစ်မှစ၍ မြန်မာပြည်တွင် စိုက်ပျိုးလာသောမျိုး ဖြစ်ပါသည်။ ပန်းဂေါ်ဖီစိမ်းသည် ပိုမိုနူးညံ့ပြီးဗီတာမင်ကေ ပါဝင်မှုအထူးများပြားပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ရောဂါနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။ ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူစတင်ဖြစ်ထွန်းရာ ဒေသများဖြစ်သော အီတလီနိုင်ငံ၊ အမေရိကန်နိုင်ငံတို့တွင် ၁၉၄၅ခုနှစ်နောက်ပိုင်း ထုတ်လုပ်ရာမှ ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်းဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းတွင် အဓိကအားဖြင့် အစိမ်းရောင်ပန်းပွင့်နှင့် ခရမ်းနီရောင်ပန်းပွင့်ဟူ၍ နှစ်မျိုးရှိပါသည်။ ပန်းပွင့်၏အချင်းသည်(၈-၁၀)လက်မခန့်ရှိပြီး သက်တမ်း(၇၅-၉၀)ရက်ခန့််တွင် ဆွတ်ခူးနိုင်သည်။ ထူးခြားချက်မှာပန်းဂေါ်ဖီအဖြူကဲ့သို့ ထိပ်ပန်းပွင့်တစ်ခုထဲကိုသာ စားသုံးခြင်း မဟုတ်ဘဲ ဘေးတက်များမှဖြစ်ပေါ်လာသော ပန်းပွင့်များကိုပါ စားသုံးရခြင်းဖြစ်သည်။ အေးမြ ခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်းအပင်များကို အပင်သက်တမ်း(၁၁)လခန့်အထိ ကြာရှည်စွာ ခူးဆွတ်ရရှိနိုင်ပါသည်။ တစ်ဧကလျှင် မျိုးစေ့ပေါင်ဝက်ခန့်လိုအပ်ပါသည်။  မြေပြန့် ဒေသတွင် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်၍ တောင်ပေါ်ဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ ပန်းဂေါ်ဖီစိမ်းသည် ကင်ဆာရောဂါများကို သက်သာစေပါသည်။ ပန်းဂေါ်ဖီစိမ်း  သည် အိုမီဂါ၃ပါဝင်သောကြောင့် ရောင်ရမ်းခြင်းများကိုလည်း သက်သာစေပါသည်။ ထို့အပြင် အဆစ်ရောဂါရှိသူများအတွက်လည်း အဆစ်ကိုက်ရောင်ရမ်းခြင်းများကိုလည်း လျော့နည်းစေပါ သည်။ နှလုံးရောဂါအခံရှိသူများ အနေဖြင့်လည်း ပန်းဂေါ်ဖီစိမ်းစားပေးရန်လိုအပ်ပါသည်။

DOCA(ပဲခူး)