အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ (၁၃း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူ ရေးရာဦးစီဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့ပေါ်ရှိ လက်ဝတ် ရတနာပစ္စည်းများ ရောင်းချလျက်ရှိသည့် Online လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့် ပတ် သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)