စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်းထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင်၊ တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်တိုင်းရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊  ကော့သောင်း ခရိုင် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။  လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထားဝယ်၊ မြိတ်၊ ကော့ သောင်းခရိုင်များမှ  ခရိုင်များတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဒေသအာဏာပိုင်၊ အသင်းအဖွဲ့များနှင့် မိမိတို့ ဝန်ထမ်းများမှ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါ သည်။

  ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင် ရာခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ပြီး အစည်းအ‌‌ဝေးအား (၁၁) နာရီ အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)