
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရေတာရှည်မြို့တွင် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ (၂၅.၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ရေတာရှည်ဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်း အဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ရေတာရှည်ဈေးနှင့် ဈေးပြင်ပကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျက် ရှိသော အစားအသောက်များနှင့် အလှကုန်ပစ္စည်းများတွင် တားမြစ်ဓါတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ နှင့် ရက်လွန်/မလွန်ကိုလည်းကောင်း၊ ဆေးဆိုင်များ၌ ရောင်းချလျက်ရှိသော ဆေးဝါးများတွင် ရက်လွန်/မလွန်နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကိုလည်းကောင်း ကွင်းဆင်း စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်စုဝေလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဆေးဝါးကျွမ်းကျင်(၃) ဦးအောင်အောင် နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးကြီးကြပ် ဦးမင်းသိုက်တို့ဦးဆောင်သော ဝန်ထမ်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြောင်း သိရပါသည်
DOCA(ပဲခူး)