ပဲခူးတိုင်းဒေသထွက်ကုန်ဈေးရောင်းပြပွဲ

Powered by Drupal

          နေပြည်တော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်သောပြည်ထောင်စုအဆင့် MSMEs ထုတ် ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ၊ တိုင်းဒေသကြီး၊ပြည်နယ် အလိုက်ဒေသထွက်ကုန်များကို ရောင်းချကြပါသည်။ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဒေသထွက် ကုန်များကိုရောင်းချရာတွင်ဗေဒါအရိုးမှယက်လုပ်ထားသောခမောက်၊လက်ကိုင်အိတ်၊ဖိနပ်၊မိုးယွန်းကြီးတံဆိပ်ငါးရံ့ခြောက်၊ နို့မလိုင်၊နံကထိုင်၊မြေပဲနှမ်းယို၊ ကော်ဖီမှုန့်(အထုတ်)(ဗူး)များ၊ဒေါ်စိန်တံဆိပ် ဝက်အူချောင်း၊ကြက်အူချောင်း၊မလတ်(ငါးဖယ်ချဉ်)၊ငွေငါး(ငါးဖယ်ချဉ်)၊(ပုဇွန်ချဉ်)၊ကြက်ဥ၊ဘဲဥ၊ဆေးဘဲဥ၊မြေပဲဆီ၊နှမ်းဆီ  (ပါကင်ထုတ်)၊နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ငရုတ်ကြမ်းမှုန့်၊ ပဲမှုန့် (အစိမ်း) (အကျက်)မှုန့်၊ပဲ ကြမ်းကြော်(နှစ်ပြန်ကြော်)၊ လက်ဖက်၊ အသင့်စား လက်ဖက်ဗူး၊ ပဲလှော်မျိုးစုံ(ကိုရီးယားနိုင်ငံပို့)၊ကြယ်ပဲ၊ရွှေဒင်္ဂါးငပိထောင်းဗူး၊ယောင်္ကျားကြီးတံဆိပ်အသင့်စားငပိရည်ဗူး၊ငါးငပိ၊ဒန်အိုးဒန်ထည်ပစ္စည်း၊အမျိုးမျိုး၊၊နှီးခမောက်၊  ကြိမ်ခမောက်၊ကတ္တီပါဖိနပ်၊(ACT တံဆိပ်) အချိုရည်(ဗူး)၊(ပုလင်း)၊လောင်စာတောင့်၊ရှောက်ယို၊ ကတွတ်ယို၊ဇီးတော်ဖီ၊ မရမ်းတော်ဖီ၊ ချဉ်ပေါင် ယို၊ငါးသေတ္တာဗူး၊အမြနှပ်၊ငါးနှပ်၊ငပိရည်ကျိုဗူး၊ငပိကြော်ဗူး၊မုန့်ဟင်းခါးအနှစ်ဗူး၊အုန်းနို့ခေါက်ဆွဲအနှစ်ဗူး၊ခေါက်ဆွဲခြောက်၊မုန့်ဖတ်ခြောက်၊ဒေဝယ္ခ(လိမ်းဆေး၊သောက်ဆေး)၊ဇာပျံလေးလျှက်ဆား၊တိုးမြင့်ဒိန်ချဉ်၊ ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင် ထမင်းသုတ် ၊ ငါးအမှုန့်(ဟင်းခတ်မှုန့်)၊ ကောက်ရိတ် စက်၊

ကောက်စိုက်စက်၊ပျိုးပင်ချစက်၊သစ်အချောအလှဆင်အရောင်းပစ္စည်းများ၊ရိုးရာမောင် ချည်ထည် များနှင့်ဒေသထွက်အခြားမဝတ် လုံချည်များကို ဈေးနှုန်းချိုသာစွာဖြင့်  အများပြည်သူ များဝယ်ယူ နိုင်ရန်အတွက်ရောင်းချပေးခဲ့ပါကြောင်း(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်

စုအဆင့် အရောင်းပြခန်းဖွင့်ပွဲတွင်ရောင်းချပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)