ဒိုက်ဦးမြို့နယ်အတွင်း၌ စားသုံးဆီ လက်လီလက်ကား ရောင်းချသည့် ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေး

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသော စား သုံးဆီ လက်လီလက်ကား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ ဈေးကွက်အတွင်း စားသုံးဆီ ပြတ်လပ်မှု မရှိစေရန် ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက် ကျော်နှင့် ဒိုက်ဦး မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ ဒိုက်ဦးမြို့နယ်တာ ဝန်ခံတို့သည် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော ဒိုက်ဦးမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဒိုက်ဦးမြို့မဈေးတာဝန်ခံတို့နှင့်အတူ စားသုံးဆီ လက်လီလက်ကား ရောင်းချသည့်ဆိုင်များအား သတ်မှတ် ရည်ညွှန်းဈေး အတိုင်း ရောင်းချရန်၊ သတ်မှတ်ပမာဏ အတိုင်း အပြည့်အဝ ရောင်းချရန်၊ အလေးချိန်မှန်ကန်စွာ ရောင်းချရန်၊ အရည်အသွေးညံ့သော အခြားဆီများ ရောနှောရောင်းချခြင်း မ ပြုရန်၊ အရောင်းအဝယ် လက်ခံသည့် ဘောင်ချာများ ထားရှိရန်၊ ကုန်စုံဆိုင်အမည် နှင့် ရောင်းချ သည့်ဈေးနှုန်းကပ်ထားသည့် ဗီနိုင်း၊ ပိုစတာ တို့အား အများမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားမှု ရှိ/ မရှိ တို့အား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)