“ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း ”

Powered by Drupal

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီ  (၂၅) ရက်

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းဝေးခန်းမ၌ ရပ်ကွက်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမျိုးမင်းက တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅)မှ နိုင်ငံတော် အကြီးအကဲ လမ်းညွှန်ချက် များဖြစ်သော နိုင်ငံတော်မှချမှတ်သည့် မူဝါဒများကိုဌာနဆိုင်ရာများက အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်၍ အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ဒေသသာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံစေရေး၊ လယ်ယာ စိုက်ပျိုးရေး၊ စက်မှုဝန်ဆောင်မှု ကဏ္ဍများတိုးတက်မြင့်မားစေရေး၊ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိစေရေးနှင့် ကျေးလက်ဒေသများရှိ တိုက်နယ်ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေး၊ ဒေသအတွင်း ကျားဖြန့်လုပ်ငန်းများမရှိစေရေး၊  ၂၀၂၁ ခုနှစ်မှစ၍ လမ်း၊ တံတား၊ တာတမံ၊ ဆည်မြောင်းများ ဆောင်ရွက်ချက်များကို နှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့်အတူ ပြုစုတင်ပြရန်၊ ၂၀၂၅ခုနှစ် နွေရာသီသည် ပိုမိုပူပြင်းလာမည်ဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်စေရေးဆောင်ရွက်ရန်၊ ပြည့်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး ဆောင်ရွက်ခြင်းဆိုင်ရာအချက်များ၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်းရှိ ပြီးစီးဆောင်ရွက်ရန်၊ ဌာန ဆိုင်ရာများအနေဖြင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီတင်ပြ ရန်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကိစ္စရပ်များ၊ ဒေသအတွင်းတောမီးရှို့ခြင်း၊ သစ်ရွက် ခြောက်များမီးရှို့ခြင်းများမပြုလုပ်ကြရန်၊ လုံခြုံမှု အဆင့်အတန်းရှိသော ရုံစာများ လုံခြုံရေးကျိုး ပေါက်မှုမရှိစေရေး၊ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေ ဖြင့် နားလည်သဘောပေါက်စေရေး ရှင်းလင်းဆွေးနွေးသွားရန် စသည်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမည့်လုပ်ငန်း အစီအစဉ်များအား ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ 

DOCA(ရန်ကုန်)