
တွံတေးမြို့နယ်၊ ဖေဖော်ဝါရီလ (၂၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ စည်ပင်သာယာမြိုမဈေးအတွင်း/အပြင်ရှိ ဆပ်ပြာ မှုန့် အမျိုးမျိုးရောင်းချနေသည့်ဆိုင်များသို့ ပြည်တွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆပ်ပြာမှုန့် မျိုးစုံနှင့် ပြည်ပမှနည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လာသော ဆပ်ပြာမှုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့ စည်ပင်သာယာမြို့ဈေးမှ ဈေးတာဝန်ခံနှင့် စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ဈေးအတွင်း/အပြင်ရှိ ဆပ်ပြာမှုန့်အမျိုးမျိုး ဖြန့်ဖြူး ရောင်းချလျက်ရှိသော လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အား စားသုံးသူပြည်သူများ ဆပ်ပြာမှုန့် အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်ကုန်များလုံခြုံစိတ်ချရ မှုရှိစေရေး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား တစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အရောင်းဆိုင် ပိုင်ရှင် များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ဆပ်ပြာမှုန့်အမျိုးမျိုးအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)