
၂၁.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် ပေါင်မြို့နယ်၊ ကတွန်ကျေးရွာ၊ ရတနာမာန်အောင် ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက် အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်မှသာ ဘေးကင်းလုံခြုံစိတ်ချရမှုရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များ ဝယ်ယူရာတွင် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူ သုံးစွဲကြရန်နှင့် အလေ့အကျင့်များ ရှိစေရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှံးမှုများရှိပါက Cell Center 1535 သို့ဖုန်းခေါ်ဆို တိုင်ကြားနိုင်ကြောင်းနှင့် Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူလူထုမှလည်း သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မွန်)