
၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၄:၁၅)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၃၉၉/၄၀၀)မြတောင်ဝန်ဦးမှိုလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Tissue စက်ရုံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချ မှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
Speical Manufacturing Co.,Ltd မှ မန်နေဂျာဖြစ်သူက Tissue မှ ထုတ်လုပ်သော အမှတ် တံဆိပ်များမှာ ORCHID, Snow White နှင့် Cherry တံဆိပ်များဖြင့် ထုတ်လုပ်လျက်ရှိပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ ယခုအချိန်တွင် အမှတ်တံဆိပ်(၃)မျိုး တစ်ရက်ထုတ်လုပ်မှုမှာ ဂျက်ဖာ တစ်ဖာလျှင် (၄၈)Box ပါသော ဂျက်ဖာ(၁၀၀) မှ (၁၂၀)အတွင်းနှင့် Pot ကဒ်တစ်ပါကင် (၅၀)ထုပ်ပါ သော ဂျက်ဖာ (၁၀၀ မှ ၁၂၀)အတွင်း ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း အနှံ့အပြားတွင်ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၅၀)၊ မ (၇၀) စုစုပေါင်း (၁၂၀)ဦးဖြင့် လုပ်ငန်း အဆက်မပြတ် လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသောဝန်ထမ်းများလည်း စားဝတ် နေရေးအဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)