ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၃:၄၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၃၉၉/၄၀၀)မြတောင် ဝန်ကြီးဦးမှိုလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Special Manufacturing Co.,Ltd ၌ ထုတ်လုပ်လျက်ရှိသော Tissue အမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

ထိုသို့ဆွေးနွေးခဲ့ရာတွင် Special Manufacturing Co.,Ltd  Tissue စက်ရုံမှ မန်နေဂျာ ဒေါ်နန္ဒာစိုးပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက ဌာနဖြစ် ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားနှင့်ပတ်သက်သည့် အချက်များ၊ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၅)ဦးတက်ရောက်ခဲ့ ပြီး ဆွေးနွေးပွဲကို (၄:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)