
၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၄:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၃၉၉/၄၀၀)မြတောင်ဝန်ဦးမှိုလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Special Manufacturing Co.,Ltd ရှိ Tissue အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးလင်းလင်းဦး၊ အကြီး တန်းစာရေးပါ (၂)ဦးတို့ပူးပေါင်းပါဝင်လျက် Tissue စက်ရုံမှ မန်နေဂျာ ဒေါ်နန္ဒာစိုးမှ ထုတ်လုပ်လျက် ရှိသော Tissue အမျိုးအစားများမှာ ORCHID, Snow White နှင့် Cherry တို့ဖြစ်ပြီး စားသုံးသူကာကွယ် ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၄၃)အရ၊ ပုဒ် (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့မဟုတ်)တစ်ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ထားကြောင်း စစ်ဆေးတွေ့ရှိ ရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ ကုန်ပစ္စည်းများထုတ်လုပ် ရောင်းချရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)