မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခရိုင်ဦးစီးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် တိုင်းဦးစီးမှူး ဦးဝင်းထွန်း ဦးဆောင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြောင်းမြခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် Zoom ဖြင့်(၁၉.၂.၂၀၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀) အချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ထိုအစည်းအဝေးသို့တက်ရောက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး စားအုန်းဆီကိစ္စနှင့်ပတ်သက်၍ မြေပြင်တွင်ညှိနှိုင်းလုပ်ဆောင်ရန် အသစ်ထပ်မံတိုးလာသော ဆီကိုယ်စားလှယ်များကိုလည်း တိုင်းရုံးသို့ဦးစွာအကြောင်းကြားရန် ထိုသို့ အကြောင်းကြားလာသော ကိုယ်စားလှယ်အသစ်များကိုလည်း ဝန်ကြီးရဲ့လမ်းညွှန်မှုခံယူ၍ အဆင့်ဆင့် လုပ်ဆောင်ချက်များလုပ်ဆောင်ရန် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ ဒု-တိုင်းဦးစီးမှူး ဒေါ်လှလှမော်မှလည်း WCRD နှင့်ပတ်သက်၍ လုပ်ဆောင်ရမည်များကို အသေးစိတ်ရှင်းလင်းပြောကြား ခဲ့ပါသည်။ ပြီးလျှင် ခရိုင်ဦးစီးမှူးများမှလည်း တင်ပြနိုင်ရာများကိုတင်ပြနိုင်ရန်အတွက် ဦးစွာ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ပုသိမ်ခရိုင်များသို့ မိမိတို့ခရိုင်အလိုက်လိုအပ်သည်များကိုပြောကြားစေခဲ့ပါသည်။ ပြီးနောက် တိုင်းဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)