ချောင်းဆုံမြို့နယ်တာဝန်ခံသည် နေကြာစိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

(၁၉.၂.၂ဝ၂၅) ရက်နေ့၊ မွန်းလွဲ (၁၄:၀ဝ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာရှိ နေကြာစိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက တစ်ဧကအထွက်နှုန်း၊ တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်တို့ကို မေးမြန်းခဲ့ရာ တောင်သူက နေကြာတစ်ဧက လျှင် အထွက်နှုန်းမှာ အရင်နှစ်က နေကြာ ၁၅ တင်းထွက်ရှိပြီး ယခုနှစ်တွင် နေကြာ တင်း ၂၀ ထွက်ရှိရန် မျှော်မှန်းထားကြောင်း၊ တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှ (၃) သိန်းရှိပြီး မြေဩဇာ တစ်အိတ်ကို ၄၂၀၀၀ ကျပ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝယ်ယူရကြောင်း၊ ဒီဇင်ဘာလ ကုန်တွင် စတင်စိုက်ပျိုးရာ (၄၅) ရက်အကြာတွင် အပွင့်ပွင့်ကြောင်း၊ နောက်ထပ် (၄၅) ရက်ကြာလျှင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က သိန်း (၄၀) အကျိုးအမြတ် ရရှိကြောင်း၊ ယခင်နှစ်က နေကြာ တစ်တင်းပေါက်ဈေးမှာ (၄၀၀၀၀) ကျပ်ဖြစ်ပြီး ယခုနှစ်တွင် နေကြာ တစ်တင်းပေါက်ဈေးမှာ (၄၅၀၀၀) ကျပ်ဖြစ်နေကြောင်း ကညှော်ကျေးရွာရှိ နေကြာစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မွန်)