မုဒုံမြို့နယ်တွင် (၁၀ ဂရမ်နှင့်အထက်) အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ၁၉.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေင်္ဟသာဈေးအတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော စတိုးဆိုင်များသို့ သွားရောက်၍ (၁၀ ဂရမ်နှင့်အထက်) ရှိသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါ ဈေးရှိ အလှကုန်ဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ရောင်းချနေသော Bella (နေလောင်ခံဂျယ်ခရင်)၊ Fair Lovely (နေ့စဉ်လိမ်းခရင်)၊ Bella (မျက်နှာသစ်ဆေး)၊ FIT Me (မိတ်ကပ်ရည်)၊ POP (အောက်ခံမိတ်ကပ်) စသည့်အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ၎င်းအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထား သည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)