
၁၈.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် အင်းစိန်မြို့နယ်ရှိ City Mart ဖော့ကန်တွင် စားသုံးဆီအမျိုးမျိုးဖြစ်သော Fortune (နေကြာဆီ)၊ ရွှေအုံ(မြေပဲဆီသန့်)၊ အမေထွား(မြေပဲဆီ)၊ ရွှေ(မြေပဲဆီ)၊ ရန်ကုန်ပဲဆီသန့် (မြေပဲဆီ)၊ ဧရာဝတီ(မြေပဲဆီ)၊ ဇမ္ဗူအေး(ရာနှုန်းပြည့်မြေပဲဆီစစ်စစ်)၊ နှစ်သက်(မြေပဲဆီ)၊ ငွေသဇင် မင်း(ရာနှုန်းပြည့်မြေပဲဆီသန့်)၊ သူကြီးကတော်(သဘာဝမြေပဲဆီစစ်စစ်)တို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များကို မြန်မာလိုဖော်ပြထားပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထား ခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးအခန်း(၁၀)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ရန်ကုန်)