ဟင်းခတ်အမွှေးနံ့သာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၁၇.၂.၂၀၂၅ ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ City Mart ဖော့ကန်တွင် ဟင်းခတ်အမွှေးနံ့သာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်းခတ်အနံ့အတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးမှာ Myanmar Khin အမှတ်တံဆိပ်တွင် (ငရုပ်ကောင်းစေ့၊ ပင်ပွား၊ နံနံစေ့၊ ပံတဲကောမှုန့်၊ သစ်ချပိုးခေါက်၊ ဟွာကျောက်စေ့၊ ဇလိပ္ဗိုလ်သီး)အမျိုးအစားများဖြစ်ပြီး Special အမှတ်တံဆိပ်တွင် (နံနက်ပွင့်မှုန့်၊ လေညင်း၊ စပုံစပါး၊ ဘိန့်စေ့၊ ငရုတ်ကောင်း(ဖြူ/နက်)၊ မုန်ညှင်းစေ့၊ ဖာလာစေ့၊ ဒန်ပေါက်မဆလာ၊ နွယ်ချိုနှင့်ပင်ပွားအမျိုးအစားများဖြစ်ပြီး ပစ္စည်းအားလုံးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည် ကြောင်း ဖော်ပြချက်တို့ပါရှိကြောင်း စစ်ဆေးတွေ့ရှိချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)