
၁၇.၂.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ City Mart ဖော့ကန်သို့ ငရုတ်ဆီအမျိုးမျိုးနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အရောင်းတာဝန်ခံမှပူးပေါင်းပါဝင်လျက် ငရုတ်ဆီအမျိုးမျိုးဖြစ် သော BRAVO (ခရမ်းချဉ်သီးဆော့စ်)၊ MAEJIN (ထိုင်းငရုပ်ဆီအချို/ပင်လယ်စာဆော့စ်)၊ Golden Mountain (ငရုပ်နှင့်ခရမ်းချဉ်သီးဆော့စ်)၊ Origano (ငရုပ်သီးအချိုဆော့စ်)၊ Golden Dragon (ကြက် သွန်ဖြူငရုပ်ဆီ)၊ Chito (ကြက်သွန်ဖြူငရုပ်ဆီ)နှင့် Pantai (ဆူကီဆော့စ်)တို့တွင် ကုန်အညွှန်းအမှတ် အသားတွင် ဖော်ပြရမည့်အချက်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်း ရှင် လိုက်နာရမည့်အချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)