
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ (၁၈.၂.၂၀၂၅)ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့များသည် စက်သုံးဆီ အရောင်း ဆိုင်များ၏ ဆီရောင်းချမှုအခြေအနေများ၊ ဆီရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန် အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များတွင် လိုအပ်သည့် မီးသတ်ဆေးဘူး များ ထပ်မံဖြည့်တင်းထားရှိရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)