
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာအရောင်းဆိုင် များသို့ (၁၇.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် မြို့နယ်ယူရီးယား ဓါတ်မြေဩဇာ ဖြန့်ဖြူး ရောင်းချရေးကော်မတီအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံ တို့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ စိုက်ပျိုးရေးသုံးပစ္စည်းဓါတ်မြေဩဇာရောင်းချသော ဆိုင် ပိုင်ရှင်များအား သက်ဆိုင်ရာဌာနကတားမြစ်ပိတ်ပင်ထားသော ဓါတ်မြေဩဇာများ ရောင်းချခြင်း မပြုရန်၊ တရားဝင် မှတ်ပုံတင်ထားသောဓါတ်မြေဩဇာများ တင်သွင်း ရောင်းချရန်၊ စိုက်ပျိုးသူ တောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် သုံးစွဲပုံအညွှန်းကို မြန်မာစာဖြင့် တိတိကျကျ ဖော်ပြထားသော ဓါတ်မြေ ဩဇာများကိုသာရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အချက်အလက် များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကိုရောင်းချခြင်းနှင့် ကုန်သွယ်ခြင်းမပြုကြရန် လိုအပ်ကြောင်း၊ သတ်မှတ်ချက်နှင့် မကိုက်ညီသော ဓါတ်မြေဩဇာများ ဈေးကွက်အတွင်း တွေ့ရှိ ပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေအရ သော်လည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေ အရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)