
၁၈.၂.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးခန်းတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ Talk Show ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးခဲ့ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူးပါ (၂)ဦးတို့မှ ပူးပေါင်းပါဝင်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးက မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း၊ ကုန်စည်စစ်ဆေးခြင်း၊ ဝန်ဆောင်မှုစစ်ဆေးခြင်း၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ သို့ အမှုတွဲလွှဲပြောင်းပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)