
၁၇.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ရွှေပြည်သာမြို့နယ်သို့ စားသုံးသူ ရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးမှ ဈေးတာဝန်ခံ ဦးအောင်နိုင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးက စားသုံးသူအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ရောင်းချခြင်းအဓိပ္ပါယ်၊ စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ရာတွင် အားနည်းချက်/အားသာချက်၊ လိမ်လည်မှုပုံစံ(၂) မျိုး အွန်လိုင်းစနစ်လုပ်ငန်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင် ထားရှိမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်းပုံစံအဆင့်ဆင့်နှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများအား ဟောပြော ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စားသုံးသူ(၁၀)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးဟောပြောပွဲသို့ (၁၀:၄၅)ချိန်တွင် ရုပ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)