မှော်ဘီမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်း များသည် ၁၇.၂.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် မှော်ဘီမြို့နယ်၊ အောင်မင်္ဂလာ (တပ်) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။

ဟောပြောပွဲတွင် မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်ချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ(၅)ဦး ကျောင်းသား/ ကျောင်းသူ(၇၀)ဦး စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)