
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၇.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် အင်းစိန်၊ ရွှေပြည်သာ၊ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီမြို့နယ် များရှိ စားသုံးဆီတံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုး၊ ရွှေပြည်သာ မြို့နယ်ရှိ ပတ္တမြားဈေး၊ လှည်းကူးမြို့မဈေး၊ တိုက်ကြီးမြို့မဈေးနှင့် မှော်ဘီမြို့မဈေးတို့တွင် ရောင်းချနေသည့် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည် ကိုတွေ့ရှိရပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက် နေသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center No 1535 သို့ ဆက်သွယ် မေးမြန်း နိုင်သည့်အကြောင်းများ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
DOCA(ရန်ကုန်)