
၁၄.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် Sevan Bakery မုန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Sevan Bakery မုန့်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချ လျက်ရှိသောမုန့်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်စွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ Sevan Bakery မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့်မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းတွေ့ရှိရသည်။ ၎င်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ(မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစားအေသာက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့)တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(မွန်)