
၁၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီလင်းမြို့နယ်တာဝန်ခံသည် ဘီးလင်းမြို့နယ်တာဝန်ခံရုံး၌ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံမှ ဘီးလင်းမြို့နယ်၏ ခွဲတမ်းရရှိသော စားအုန်းဆီများအား တာဝန်ယူဖြန့်ဖြူးရောင်းချနေသည့် လက်လီ/လက်ကား ကိုယ်စားလှယ်များအား အရေအတွက်မှန်ကန်စွာရောင်းချပေးရေး၊ အလေးချိန်ပြည့်မီစွာ ရောင်းချပေးရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချဖြန့်ဖြူးနိုင်ရေး စသည်များကို ဆွေးနွေးပြောကြားခဲ့ပြီး ထိုစည်းကမ်းများအား ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း နှင့်လုပ်ငန်းရှင် များလိုက်နာရန်တာဝန်များကို အသိပေးရှင်းလင်းခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(မွန်)