၁၀ ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၁၄.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ Super Market များတွင် ရောင်းချ လျက်ရှိသော  ၁၀ဂရမ်နှင့်အထက် အလှကုန်ပစ္စည်း အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Super Marketများတွင် ရောင်းချနေသော ၁၀ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများမှာ အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ အမှတ်တံဆိပ်ပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မွန်)