
၁၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၄၅)တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့ရှိစိန်စီ(စတိုး)ဆိုင်၌ ရောင်းချလျက်ရှိ အလှကုန်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ FDAနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စိန်စီ(စတိုး)ဆိုင် တွင် ရောင်းချလျက် ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်စွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးခဲ့ရာ ယခုလက်ရှိ၌ စိန်စီ(စတိုး)ဆိုင်တွင် ရောင်းချနေသော ကုန်စည်တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိ ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)